top of page

Terms & Conditions

စတင်အသက်ဝင်သည့်ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်

    Flow Music Application ("Flow") အား အသုံးမပြုမီ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ ("Terms")ကို သေချာစွာ ဂရုတစိုက်ဖတ်ရှုရန်လိုအပ်ပါသည်. ဤစည်းမျဉ်းစည်းကမ်းများတွင် အသုံးပြုသူများအနေဖြင့် Flow တွင်ရရှိနိုင်သော ဝန်ဆောင်မှုများဖြစ်သည့် ထုတ်လွှင့်ထားသော တေးဂီတများ၊ တေးသီချင်းဗီဒီယိုများ၊ အသံထုတ်လွှင့်မှု စီးရီးများ၊ ရွေးချယ်တင်ပြထားသည့် ရုပ်ရှင်များ၊ အသံဖိုင်များ၊ အသိပညာဆိုင်ရာ ရုပ်သံဖိုင်များနှင့် အခြားသော အနုပညာဖန်တီးမှုများကို ရယူသုံးစွဲရာတွင် လိုက်နာရမည့် အချက်အလက်များပါဝင်ပါသည်. Flow ၏ ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများကို မပျက်မကွက်လိုက်နာရန် အသုံးပြုသူဘက်မှ သဘောတူညီပြီးဖြစ်ကြောင်း Flow မှ မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်.

၁. မိတ်ဆက်
၁.၁    Flow Music Application သည်  မြန်မာနိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးတစ်ယောက်ချင်းစီပါဝင်သည့် အသုံးပြုသူများအား ဝန်ဆောင်မှုပေးရန် အဓိကရည်ရွယ်တည်ဆောက်ထားသော တေးဂီတပလက်ဖောင်းတစ်ခုဖြစ်ပြီး  စုံလင်ကြွယ်ဝသော တေးဂီတဆိုင်ရာထုတ်လွှင့်မှုများ၊ တေးသီချင်းနှင့် ရုပ်သံဖိုင်များအား လွှမ်းခြုံရှာဖွေနိုင်စွမ်းရှိသည့် ဝန်ဆောင်မှုများပါဝင်ပါသည်. Flow တွင် ခန့်မှန်းတွက်ချက်မှုဆိုင်ရာနည်းပညာများကိုအခြေခံ၍ တည်ဆောက်ထားသော အကြံပြုချက်စနစ်များ ပါဝင်သည့်အတွက် အသုံးပြုသူတစ်ဦးချင်းစီ၏ တေးသီချင်းနားဆင်မှုနှင့်အလေ့အထများပေါ်မူတည်ပြီး အသုံးပြုသူကြိုက်နှစ်သက်မည့် တေးသီချင်းများနှင့် ဗီဒီယိုများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ဖန်တီးထားပါသည်.
၁.၂    Flow ၏ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် သင့်အနေဖြင့် ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှု၊ နားလည်၊ သဘောတူညီမှုရှိကြောင်း အသိအမှတ်ပြုပါသည်. အကယ်၍ ဤစည်းမျဉ်းစဉ်းကမ်းများကို သဘောတူညီမှုမရှိပါက Flow ကို အသုံးပြုခြင်းမှ ရပ်တန့်ရပါမည်.

၂. အသုံးပြုသူတွင်ရှိရမည့် အရည်အချင်းသတ်မှတ်ချက်
၂.၁    Flow Music Application သည် Application အားအသုံးပြုရန်အတွက် ကလေးသူငယ်များအွန်လိုင်းနှောက်ယှက်ခံရမှု ကာကွယ်စောင့်လျှောက်ရေးဥပဒေ (COPPA) အရ ခွင့်ပြုထားသည့် ၁၃ နှစ်နင့်အထက် အသက်အပိုင်းအခြားရှိသူများအတွက်သာ ဝန်ဆောင်မှုရရှိနိုင်မည့် Application ဖြစ်ပါသည်. Flow ၏ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် သင့်အနေဖြင့် အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ဤစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်သဘောတူကြောင်း အတည်ပြုပါသည်။

၃. ရရှိနိုင်မည့် ဝန်ဆောင်မှုများ
၃.၁    Flow Music Application တွင် စုံလင်ကြွယ်ဝသော တေးဂီတဖိုင်များ၊ တေးသီချင်းဗီဒီယိုများ၊ ရုပ်/သံ ထုတ်လွှင့်မှုအပိုင်းများ၊ လက်ရွေးစင် ရုပ်ရှင်များ၊ အသံဖိုင်များ၊ အသိပညာဆိုင်ရာ ရုပ်သံဖိုင်များနှင့် အခြားသော အနုပညာဖန်တီးမှုများအား ဝန်ဆောင်မှုရယူနိုင်ရန် ဖန်တီးထားပါသည်. အဆိုပါဝန်ဆောင်မှုများအား Flow တွင် ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပေးအပ်ထားပါသည်. Flow ကို စာရင်းပေးသွင်းပြီး အသုံးပြုခြင်းအားဖြင့် Flow မှ ဝန်ဆောင်မှုပေးအပ်ထားသော အခန်းကဏ္ဍအားလုံးကို သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါသုံးစွဲမှုများအတွက် အသုံးပြုသူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း Flow မှ အသိအမှတ်ပြုပါသည်.
၃.၂    Flow သည် Flow Music Application တွင် ဝန်ဆောင်မှုပေးထားသော အခန်းကဏ္ဍများမှ အစိတ်အပိုင်းတစ်ရပ်ရပ်ကို ကြိုတင်သတိပေးခြင်း သို့မဟုတ် တာဝန်ခံခြင်းတို့ကို ပြုလုပ်ရန်မလိုဘဲ ပြင်ဆင်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း၊ ရပ်တန့်ခြင်း တို့ကို ပြုလုပ်နိုင်သည့် အခွင့်အရေးလက်ဝယ်ရှိပါသည်.

၄. အသုံးပြုသူများမှ လိုက်နာရမည့်အချက်များ
၄.၁    ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း
Flow Music Application ကို အသုံးပြုသူများသည် Flow တေးဂီတပလက်ဖောင်းကို အသုံးပြုနေစဉ်အတွင်း တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်. တရားမဝင်အသုံးပြုခြင်း၊ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်း၊ အခြားသူများ၏ ရပိုင်ခွင့်များကို ချိုးဖောက်ခြင်းတို့အား တင်းကျပ်စွာ တားမြစ်ထားပါသည်.
၄.၂    အကောင့်တည်ဆောက်ခြင်း
Flow Music Application ကို အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူများအနေဖြင့် ကိုယ်ပိုင်အကောင့်တစ်ခုရှိရမည်ဖြစ်ပြီး မှန်ကန်သည့်ဖုန်းနံပါတ်အပါအဝင် ကိုယ်ရေးအချက်အလက်များကို တိကျစွာဖြည့်သွင်းရန်လိုအပ်ပါသည်. အသုံးပြုသူများသည် မိမိ၏အကောင့်လုံခြုံမှုအတွက် အထောက်အထားများ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်တာဝန်ရှိပြီး ကိုယ်ရေးအချက်အလက်ပြောင်းလဲမှုမှန်သမျှကို မှန်ကန်စွာပြင်ဆင်ရန်သဘောတူရပါမည်.
၄.၃    အသုံးပြုသူများသည် မိမိကိုယ်ပိုင်အကောင့်နှင့်ပတ်သတ်၍ ဖြစ်ပေါ်လာသော မည်သည့်လုပ်ဆောင်ချက်အတွက်မဆို တာဝန်ခံရမည်ဖြစ်ပါသည်. မိမိ၏ကိုယ်ပိုင်အကောင့်အား အခြားသူမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်းကို Flow မှ တာဝန်ခံလိမ့်မည် မဟုတ်ပါ.
၄.၄    အသုံးပြုသူများအား မိမိ၏ကိုယ်ပိုင်အကောင့်နှင့်ပတ်သတ်သည့် အထောက်အထားများကို အခြားသူများနှင့် ဝေမျှသုံးစွဲခြင်း၊ သို့မဟုတ် မိမိ၏အကောင့်အား အခြားသူများသို့ လုပ်ပိုင်ခွင့်ပေးအပ်ခြင်းတို့အား တင်းကျပ်စွာတားမြစ်ထားပါသည်. အသုံးပြုသူများသည် မိမိတို့၏အကောင့်မှတစ်ဆင့် ပြုလုပ်သော ဆောင်ရွက်ချက်တိုင်းအတွက် တာဝန်ခံရမည်ဖြစ်ပါသည်.
၄.၅    အသုံးပြုသူများအနေဖြင့် Flow Music Application အား လိမ်လည်ရန်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်ကိုချိုးဖောက်၍ဖြစ်စေ အစရှိသော ရည်ရွယ်ချက်များနှင့် အသုံးပြုခြင်းအား Flow မှ သဘောတူခွင့်ပြုခြင်းမရှိပါ.
၄.၆    အသုံးပြုသူများအနေဖြင့် Flow Music Application အားအသုံးချပြီး ထိခိုက်ဆုံးရှုံးနိုင်သည့် နှောင့်ယှက်တိုက်ခိုက်မှု သို့တည်းမဟုတ် အခြားသောအဖွဲ့အစည်းများ၏ Application အသုံးပြုမှုအား ဝင်ရောက်စွက်ဖက်ခြင်း အစရှိသည့်အပြုအမူမှန်သမျှတို့ကို Flow မှ သဘောတူခွင့်ပြုခြင်းမရှိပါ.

၅. အသုံးပြုသူများ လိုက်နာရန်အချက်များ
၅.၁    လေးစားမှုရှိသည့် အပြုအမူ
   Flow Music Application ကို အသုံးပြုသူများသည် အသိုင်းအဝန်းတွင်ရှိသော အခြားသော အသုံးပြုသူများနှင့် အချင်းချင်းလေးစားမှုရှိရမည်ဖြစ်ပြီး နှောင့်ယှက်ထိပါးခြင်း၊ အမုန်းစကားများဖြန့်ဝေခြင်း၊ သတင်းတုသတင်းမှားများ ဖြစ်စေခြင်း နှင့် အခြားသော ထိခိုက်ပျက်စီးစေမည့် အပြုအမူများအား ခွင့်ပြုမည်မဟုတ်ပါ.
၅.၂    အသုံးပြုသူများ၏ ကိုယ်ပိုင်ဖန်တီးမှုလက်ရာများ
အသုံးပြုသူများသည် မိမိကိုယ်ပိုင်ဖန်တီးမှုလက်ရာများကို Flow Music Application အတွင်း ထည့်သွင်းခြင်း တင်သွင်းခြင်းများ ပြုလုပ်ပါက အဆိုပါပြုလုပ်မှုအတွက် အပြည့်အဝတာဝန်ခံရမည်ဖြစ်ပါသည်. မူပိုင်ခွင့်နှင့်စည်းမျဉ်းဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခြင်း၊ တရားမဝင်အသုံးပြုခြင်း၊ အခြားသူများ၏ ရပိုင်ခွင့်များကို ချိုးဖောက်ခြင်းများ ဖြစ်စေသည့် ပြုလုပ်ဖန်တီးမှုများကို Flow မှ တင်းကြပ်စွာတားမြစ်ထားပါသည်.
၅.၃    Flow Music Application ကိုအသုံးပြု၍ မိမိကိုယ်ပိုင်ဖန်တီးမှုလက်ရာများကို တင်သွင်းခြင်း ထည့်သွင်းခြင်း များပြုလုပ်ပါက မည်သည့်အကြောင်းအရာကိုမဆို စည်းမျဉ်းစည်းကမ်းနှင့် တည်ဆဲဥပဒေများကို ချိုးဖောက်ပါက Flow မှ ပြန်လည်သုံးသပ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ဖယ်ရှားခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသုံးပြုသူများအနေဖြင့် သိရှိနားလည်ပြီးဖြစ်ရပါမည်.
၅.၄    အသုံးပြုသူများအနေဖြင့် Flow Music Application  ရှိ ဖန်တီးမှုလက်ရာများအား ကမ္ဘာတစ်ဝှမ်းတွင် သီးသန့်မူပိုင်ခွင့်တင်စရာမလိုဘဲ အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ တင်ဆက်ပြသခြင်းကဲ့သို့သော ဆင့်ပွားလုပ်ငန်းများကို ဆောင်ရွက်လိုပါက Flow မှ ပေးအပ်ထားသော ဝန်ဆောင်မှုများ၏ ပြဌာန်းချက်စည်းမျဉ်းများအတိုင်း လုပ်ငန်းလိုင်စင်ခွဲယူလွှဲပြောင်းခြင်းများကို ဆောင်ရွက်နိုင်သည်.

၆. မသမာသောအပြုအမူနှင့် သံသယဖြစ်ဖွယ်ရာ အပြုအမူများ
   အသုံးပြုသူတစ်ဦးသည် Flow Platform ကို အသုံးပြုနေစဉ်ကာလအတွင်း မသမာသောအပြုအမူ၊ သို့မဟုတ် သံသယဖြစ်ဖွယ်ရာ အပြုအမူများတွင် ပါဝင်ပတ်သတ်နေခြင်း ရှိ/မရှိ အား ဆုံးဖြတ်ရန်အတွက် Flow တွင် သမာသမတ်ကျစွာ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိပါသည်။ အဆိုပါအပြုအမူများတွင် မသမာသောနည်းလမ်းများကိုအသုံးပြု၍ - တေးဂီတထုတ်လွှင့်မှုအရေအတွက်များအား  ဖောင်းပွများပြားစေခြင်း၊ ထုတ်လွှင့်မှုများကို ပရိသတ်များအကြား ပိုမိုပြန့်နှံ့အားကောင်းစေမည့် အမျိုးမျိုးသောဆောင်ရွက်ချက်များအား တွက်ချက်လုပ်ဆောင်ခြင်း၊ စည်းမျဉ်းနှင့်မူဝါဒများအား ချိုးဖောက်ခြင်းတို့ ပါဝင်ပါသည်။ Flow အနေဖြင့် အသုံးပြုသူတစ်ဦးမှ အဆိုပါအပြုအမူများကို ကျူးလွန်သည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယရှိပါက အောက်ပါအချက်များအပါအဝင် သင့်လျော်သော အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။
၆.၁ ထုတ်လွှင့်မှုဆိုင်ရာ အရေအတွက်များအား အကဲဖြတ်ခြင်း
   မသမာသောအပြုအမူ၊ သို့မဟုတ် သံသယဖြစ်ဖွယ်ရာအပြုအမူများတွင် ပါဝင်ပတ်သတ်နေခြင်းဖြစ်ကြောင်း ယူဆနိုင်သည့် တေးဂီတထုတ်လွှင့်မှုများအား Flow မှ ကန့်သတ်နိုင်ပါသည်။ ထိုသို့ကန့်သတ်ခြင်းခံရသော ထုတ်လွှင့်မှုများသည် အသုံးပြုသူများ၏ ကြည့်ရှုနားဆင်မှုအရေအတွက်နှင့် အခြားသော ဆက်စပ်လုပ်ဆောင်ချက်များအတွက် ထည့်သွင်းစဉ်းစားရန် အကျုံးဝင်တော့မည်မဟုတ်ပါ။
၆.၂ အကောင့်ဆိုင်ရာ တားမြစ်ပိတ်ပင်မှုများ
   Flow သည် မသမာသောအပြုအမူ၊ သို့မဟုတ် သံသယဖြစ်ဖွယ်ရာ အပြုအမူများတွင် ပါဝင်ပတ်သတ်နေသည့် အကောင့်များအပေါ် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နိုင်ပြီး၊ အရေးယူဆောင်ရွက်ချက်များအနေဖြင့် အကောင့်အား ယာယီဆိုင်းငံ့ခြင်း၊ သို့မဟုတ် Flow Platform အား အသုံးပြုခွင့်မှ ရာသက်ပန်ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၆.၃ စုံစမ်းစစ်ဆေးခြင်း
   Flow သည် မသမာသောအပြုအမူ၊ သို့မဟုတ် သံသယဖြစ်ဖွယ်ရာ အပြုအမူများတွင် ပါဝင်ပတ်သတ်နေကြောင်း သံသယရှိသောအကောင့်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် စုံစမ်းစစ်ဆေးမှုများကို စတင်ဆောင်ရွက်နိုင်သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုများတွင် အသုံးပြုမှုပုံစံများ၊ ပရိသတ်များအကြား ပြန့်နှံ့ရောက်ရှိစေသည့် လုပ်ဆောင်ချက်များနှင့် အခြားသော ဆက်စပ်လုပ်ဆောင်ချက်များအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းတို့ ပါဝင်ပါသည်။  Flow Platform ကို အသုံးပြုခြင်းအားဖြင့် Flow မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ အသုံးပြုမှုဆိုင်ရာလမ်းညွှန်ချက်များအား အသုံးပြုသူများဘက်မှ အလုံးစုံလိုက်နာရန် သဘောတူညီပြီးဖြစ်ရပါမည်။ မသမာသောအပြုအမူ၊ သို့မဟုတ် သံသယဖြစ်ဖွယ်ရာ အပြုအမူများအတွက် Flow ၏ ဆုံးဖြတ်ချက်သည်သာ အပြီးအပြတ်အတည်ဖြစ်ကြောင်း အသုံးပြုသူများအနေဖြင့် သိရှိနားလည်ရမည်ဖြစ်ပါသည်။

၇. အသုံးပြုသူများ၏ အကြံပြုချက်နှင့် တုံ့ပြန်ချက်များ
၇.၁    Flow သည် အသုံးပြုသူများ၏ အကြံပြုချက်များ၊ တုံ့ပြန်ချက်များအပါအဝင် Flow ၏ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများအပေါ် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် စိတ်ကူးစိတ်သန်းများကို ဝမ်းမြောက်စွာကြိုဆိုပါသည်။ Flow တွင် အကြံပြုတုံ့ပြန်ချက်များကို စာရင်းသွင်းပေးပို့ခြင်းနှင့်ပတ်သတ်၍ Flow Music Application အနေဖြင့် အဆိုပါ အကြံပြုချက်များအား တာဝန်ခံခြင်း သို့မဟုတ် အခကြေးငွေတစုံတရာပေးချေခြင်းများ ပြုလုပ်ရန်မလိုအပ်ဘဲ သုံးစွဲနိုင်ကြောင်း အသုံးပြုသူများအနေဖြင့် သိရှိနားလည်ရမည်ဖြစ်ပါသည်။
၇.၂    Flow Music Application အနေဖြင့် အသုံးပြုသူများမှပေးပို့ထားသော အကြံပြုချက်နှင့် တုံ့ပြန်ချက်များကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန်၊ အသိအမှတ်ပြုရန်၊ သို့မဟုတ် အကောင်အထည်ဖော်ရန်အတွက် မည်သည့်တာဝန်မှမရှိပါ။

၈. အကောင့်လုံခြုံမှု
၈.၁    အသုံးပြုသူများသည် မိမိတို့၏ အကောင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်သော ခိုင်မာသည့်စကားဝှက်များကို အသုံးပြုခြင်း၊ စကားဝှက်များကို ပုံမှန်ပြင်ဆင်ပြောင်းလဲခြင်း၊ မိမိ၏အကောင့်နှင့်ပတ်သတ်သည့် အချက်အလက်များကို အခြားသူများအားမျှဝေခြင်းတို့ကို ရှောင်ကြဉ်ခြင်း အစရှိသည်များကို ကိုယ်တိုင်ထိန်းသိမ်းရန် တာဝန်ရှိပါသည်.
၈.၂    အသုံးပြုသူများသည် မိမိတို့၏အကောင့်နှင့်ပတ်သတ်၍ တရားမဝင်ဝင်ရောက်အသုံးပြုမှုများ သို့မဟုတ် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများရှိပါက Flow သို့ ချက်ချင်းအသိပေးအကြောင်းကြားရန် နားလည်သဘောတူကြောင်း သိရှိထားရပါမည်.
၈.၃    Flow Music Application သည် အသုံးပြုသူများကိုယ်တိုင် လုံခြုံရေးဆိုင်ရာစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် Flow မှ တာဝန်ခံရန်မလိုအပ်ကြောင်း အသုံးပြုသူများမှ သိရှိထားရပါမည်.

၉. ပြင်ပကြားခံဝန်ဆောင်မှုများနှင့် ချိတ်ဆက်မှုများ
၉.၁    Flow Music Application တွင် ပြင်ပကြားခံဝန်ဆောင်မှုများနှင့် Website များကို ချိတ်ဆက်ခြင်း သို့မဟုတ် ပေါင်းစပ်ခြင်းများပါဝင်နိုင်ပါသည်. အဆိုပါပြင်ပကြားခံဝန်ဆောင်မှုများသည် ၎င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းကို အသုံးပြုသူများအနေဖြင့် ကွဲပြားစွာ သိရှိနားလည်ထားရပါမည်.
၉.၂    Flow Music Application သည် ပြင်ပကြားခံဝန်ဆောင်မှု သို့မဟုတ် Website များ၏ အချက်အလက်များ၊ သီးသန့်ချမှတ်ထားသည့်မူဝါဒများနှင့် လုပ်ဆောင်ချက်များအတွက် တာဝန်ခံခြင်းများကို ထောက်ခံခြင်း၊ ထိန်းချုပ်ခြင်း၊ ထင်မြင်ယူဆခြင်းများအား လုပ်ဆောင်မည်မဟုတ်ပါ.
၉.၃    ပြင်ပကြားခံဝန်ဆောင်မှု သို့မဟုတ် Website များကို အသုံးပြုခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့်  ပျက်စီးဆုံးရှုံးမှုများ၊ ဖြစ်ပေါ်လာသည်ဟူသော စွပ်စွဲချက်များအတွက် Flow Music Application အနေဖြင့် မည်သည့်တာဝန်ခံမှုမှ ပြုလုပ်ရန်မလိုအပ်ကြောင်း အသုံးပြုသူများမှ သိရှိထားရပါမည်.

၁၀. တာဝန်ခံမှုဆိုင်ရာ ကန့်သတ်ချက်များ
၁၀.၁ အာမခံမှုဆိုင်ရာရှင်းလင်းချက်
   Flow Music Application သည် "မူလအရှိအတိုင်း" ဟူသော အခြေခံမူဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်. ထို့ကြောင့် Flow တွင်ပါဝင်သော ဝန်ဆောင်မှုများနှင့် အချက်အလက်များအပေါ်မူတည်၍ ၎င်းအချက်အလက်များ၏ တိကျမှု၊ ပြည့်စုံမှု၊ ရရှိနိုင်မှုတို့အတွက် Flow မှ အာမခံရန် ဆောင်ရွက်ခြင်းမရှိပါ. Flow Musi Application နှင့်ပတ်သတ်၍ မိမိတို့ကိုယ်တိုင်သာ ဂရုစိုက်ထိန်းသိမ်းအသုံးပြုရန်တာဝန်ရှိကြောင်း အသုံးပြုသူများမှ သိရှိနားလည်ထားရပါမည်.
၁၀.၂ တာဝန်ခံမှုဆိုင်ရာ ကန့်သတ်ချက်များ
   Flow Music Application ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးနစ်နာမှုများအတွက် Flow နှင့်တကွ ၎င်း၏ဝန်ထမ်းများ၊ ဆက်စပ်လုပ်ငန်းများအနေဖြင့် တာဝန်ခံရန်မလိုအပ်ပါ. အဆိုပါဖြစ်ရပ်များတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပျက်စီးဆုံးရှုံးမှုများ၊ မတော်တဆ ပျက်စီးဆုံးရှုံးများ၊ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုများ အကန့်အသတ်မရှိ ပါဝင်နိုင်ပါသည်.

၁၁. လျော်ကြေးပေးအပ်ခြင်း
၁၁.၁    Flow Music Application ကို အသုံးပြုသူများသည်  ပြဌာန်းထားသောစည်းမျဉ်းများကို ချိုးဖောက်ခြင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် Flow နှင့်တကွ ၎င်း၏ဝန်ထမ်းများ၊ ဆက်စပ်လုပ်ငန်းများအပေါ် လျော်ကြေးပေးအပ်ရန်တာဝန်ရှိကြောင်း အသုံးပြုသူများအနေဖြင့် နားလည်သဘောတူညီမှုရှိပါသည်.

၁၂. အထွေထွေစည်းမျဉ်း
၁၂.၁    ပြဌာန်းထားသောစည်းမျဉ်းများသည် ကျင့်သုံးရန်မဖြစ်နိုင်သော၊ အကျုံးမဝင်သောအချက်အလက်များပါဝင်ပါက ၎င်းတို့ကို ပြင်ဆင်မှုအနည်းဆုံးဖြင့် လိုက်နာကျင့်သုံးနိုင်သော အကျုံးဝင်သည့် စည်းမျဉ်းဖြစ်စေရန် Flow မှ ပြင်ဆင်နိုင်သည်. ပြင်ဆင်ရန်မလိုသော ကျန်ရှိသည့်စည်းမျဉ်းများသည် ဆက်လက်၍ အပြည့်အဝအကျိုးသက်ရောက်မည်ဖြစ်သည်.

၁၃. ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ
၁၃.၁    ပြဌာန်းထားသောစည်းမျဉ်းများနှင့်ပတ်သတ်၍ စုံစမ်းမေးမြန်းလိုသည့်အချက်နှင့်မေးခွန်းများရှိပါက Flow Music Application သို့ support@flow.com.mm မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်.

၁၄. စာရင်းသွင်းမှုဆိုင်ရာအစီအစဉ်များနှင့် ဝန်ဆောင်မှုများ
၁၄.၁    Flow Music Application သည် အမျိုးမျိုးသော စာရင်းသွင်းမှုဆိုင်ရာအစီအစဉ်များနှင့် ဝန်ဆောင်မှုများကို သီးခြားအခကြေးငွေကောက်ခံမှုစနစ်ဖြင့် ဝန်ဆောင်မှုပေးအပ်ထားမည် ဖြစ်ပါသည်. အဆိုပါ စာရင်းသွင်းမှုဆိုင်ရာအစီအစဉ်များနှင့်  ဆက်စပ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအားဖြင့် ၎င်းဝန်ဆောင်မှုတစ်ခုချင်းစီအတွက်ပြဌာန်းထားသော သီးခြားစည်းမျဉ်းများကိုလိုက်နာရန် အသုံးပြုသူများအနေဖြင့် သဘောတူညီမှုရှိကြောင်း သိရှိနားလည်ရပါမည်.
၁၄.၂    အချို့သော စာရင်းသွင်းမှုဆိုင်ရာအစီအစဉ်များသည် အလိုအလျောက်သက်တမ်းတိုးနိုင်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါအစီအစဉ်အား ရှောင်လွှဲလိုပါက သက်တမ်းတိုးမည့်ရက်မတိုင်မီ ၎င်းတို့၏ စာရင်းသွင်းမှုအစီအစဉ်အား ပယ်ဖျက်ရန်တာဝန်ရှိကြောင်း သိရှိထားရမည်ဖြစ်ပါသည်.

၁၅. စည်းမျဉ်းပြောင်းလဲမှုများ
၁၅.၁    Flow Music Application သည် ပြင်ဆင်ထားသောစည်းမျဉ်းများအပေါ် အသုံးပြုသူများ၏ လက်ခံသဘောတူညီမှုလိုအပ်နိုင်သည့်  ဝန်ဆောင်မှုများအား လုပ်ဆောင်ချက်အသစ်များ၊ အဆင့်မြှင့်တင်မှုများ၊ ပြောင်းလဲခြင်းများ ဆောင်ရွက်နိုင်သည်. သိသာထင်ရှားသော စည်းမျဉ်းပြောင်းလဲမှုများရှိပါက Flow မှ အသုံးပြုသူများအား အသိပေးမည်ဖြစ်ပါသည်. အသိပေးချက်များ လက်ခံရရှိပြီးနောက် Flow အားဆက်လက်အသုံးပြုမည်ဆိုပါက ပြောင်းလဲထားသောစည်းမျဉ်းများကို အသုံးပြုသူများအနေဖြင့် လက်ခံသဘောတူညီမှုရှိကြောင်း Flow က အသိအမှတ်ပြုမည်ဖြစ်ပါသည်.

၁၆. အထွေထွေပြဌာန်းချက်များ
၁၆.၁    ယခုပြဌာန်းထားသော စည်းမျဉ်းများသည် Flow Music Application နှင့် အသုံးပြုသူအကြား ပြည့်စုံသည့်သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မည်သည့် ဦးစားပေးသဘောတူညီချက် သို့မဟုတ် နားလည်သဘောပေါက်မှုများကိုမဆို အစားထိုးနိုင်မည်ဖြစ်သည်. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ယခုစည်းမျဉ်းများကိုအဓိပ္ပါယ်ဖွင့်ဆို ပြဌာန်းနိုင်သည်. ယခုစည်းမျဉ်းများနှင့်ပတ်သတ်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက မြန်မာနိုင်ငံရှိ တရားရုံးများတွင် သီးသန့်တရားစီရင်ပိုင်ခွင့်အာဏာ သက်ရောက်စေမည်ဖြစ်သည်. အသုံးပြုသူများအနေဖြင့် Flow Music Application ကို အသုံးပြုခြင်းအားဖြင့် ပြဌာန်းချက်ပါ စည်းမျဉ်းစည်းကမ်းများအားလုံးကို အသုံးပြုသူများမှ လိုက်နာရန်သဘောတူညီမှုရှိရမည်. အကယ်၍ ယခုပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများကို သဘောတူညီမှုမရှိပါက Flow Music Application ကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည်.

၁၇. ပြန်အမ်းငွေလျှောက်ထားခြင်းဆိုင်ရာ အရည်အချင်းပြည့်မီမှု
၁၇.၁    Flow Music Application သည် ပရီမီယံဝန်ဆောင်မှုများပါဝင်သည့် စာရင်းပေးသွင်းခြင်းအစီအစဉ်ကို အသုံးပြုသူများအား ပေးအပ်ထားပါသည်. စာရင်းပေးသွင်းမှုအစီအစဉ်ကို ဝယ်ယူထားပြီး အသုံးပြုရန်မလိုအပ်ပါက ပထမဆုံးဝယ်ယူသည့် ရက်အနည်းငယ်အတွင်းတွင် ပြန်အမ်းငွေများကို ပြန်လည်လျှောက်ထား ထုတ်ယူနိုင်ပါသည်.
၁၇.၂    ပြန်အမ်းငွေပြန်လည်လျှောက်ထားရန်အတွက် အသုံးပြုသူများအနေဖြင့် Application ရှိ အသုံးပြုသူပံ့ပိုးမှုကဏ္ဍမှတစ်ဆင့် support@flow.com.mm သို့သွားရောက်ပြီး ပြန်အမ်းငွေလျှောက်ထားမှုပုံစံအား တင်သွင်းနိုင်ပါသည်. ပြန်အမ်းငွေလျှောက်ထားမှုပုံစံတွင်  အသုံးပြုသူ၏ အကောင့်အချက်အလက်များကို ခိုင်မာသောအကြောင်းပြချက်အနေဖြင့် ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်.
၁၇.၃    Flow Music Application သည် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ပြန်အမ်းငွေလျှောက်ထားမှုများအား သုံးသပ်ပိုင်ခွင့်ရှိပါသည်. ပြန်အမ်းငွေများအား စာရင်းပေးသွင်းခြင်းအစီအစဉ်ကို ဝယ်ယူခဲ့စဉ်က ငွေပေးချေမှုနည်းလမ်းအတိုင်း ပြန်လည်ရရှိရန် ဆောင်ရွက်ထားပါသည်.
၁၇.၄    အသုံးပြုသူများအနေဖြင့် ယခုစည်းမျဉ်းစည်းကမ်းများကို ကျူးလွန်ချိုးဖောက်ခြင်း သို့မဟုတ် မသမာသောဆောင်ရွက်ချက်များတွင်ပါဝင်ပါက  ပြန်အမ်းငွေရယူရန် အကျုံးဝင်မည်မဟုတ်ပါ.

၁၈. စာရင်းပေးသွင်းမှုအစီအစဉ်အား ပယ်ဖျက်ခြင်း
၁၈.၁    အသုံးပြုသူများသည် Application ရှိ အကောင့်အချက်အလက်ဆိုင်ရာကဏ္ဍသို့သွားရောက်၍ စာရင်းပေးသွင်းမှုအစီအစဉ်အား အချိန်မရွေးပယ်ဖျက်နိုင်ပါသည်. စာရင်းပေးသွင်းမှုအစီအစဉ်အား ပယ်ဖျက်ပြီးနောက် ကျန်ရှိနေသည့် ပရီမီယံဝန်ဆောင်မှုများအား ၎င်းအတွက် လက်ရှိငွေပေးချေထားမှုသက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်.
၁၈.၂    စာရင်းပေးသွင်းမှုအစီအစဉ်အားပယ်ဖျက်ရာတွင် ကျန်ရှိနေသေးသည့် ဝန်ဆောင်မှုသက်တမ်းအတွက် ပြန်အမ်းငွေများကိုပေးအပ်မည်မဟုတ်ဘဲ ၎င်းပရီမီယံဝန်ဆောင်မှုအတွက် ငွေပေးချေထားမှုသက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်.

၁၉. ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ
၁၉.၁    Flow Music Application သည် ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒများအား သမာသမတ်ကျစွာဖြင့် ပြုပြင်ပြောင်းလဲပြင်ဆင်နိုင်သည့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်. ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများရှိပါက အသုံးပြုသူများအား Application ၏ Website မှသော်လည်းကောင်း၊ Application မှတိုက်ရိုက်သော်လည်းကောင်း အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်.
၁၉.၂    အသုံးပြုသူများအနေဖြင့် Flow Music Application အား ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒဆိုင်ရာများအား ပြုပြင်ပြောင်းလဲပြီးသည့်နောက်တွင် ဆက်လက်သုံးစွဲခြင်းအားဖြင့် အဆိုပါပြုပြင်ပြောင်းလဲမှုများအား လက်ခံသဘောတူညီမှုရှိကြောင်း ညွှန်ပြရာရောက်မည်ဖြစ်ပါသည်. Flow Music Application ကို အသုံးပြုခြင်းအားဖြင့် အထက်တွင် ရှင်းလင်းဖော်ပြထားသော ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒဆိုင်ရာများနှင့် ဖြည့်စွက်ထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းများအား ဖတ်ရှုသဘောတူညီမှုရှိကြောင်း အသုံးပြုသူများအနေဖြင့် သိရှိနားလည်ထားရပါမည်. အသုံးပြုသူများအနေဖြင့် ပြန်အမ်းငွေနှင့်ပတ်သတ်သည့် မူဝါဒဆိုင်ရာများ သို့မဟုတ် စည်းမျဉ်းပြဌာန်းချက်များမှ တစ်စိတ်တစ်ပိုင်းအား သဘောတူညီမှုမရှိပါက Flow Music Application ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမည်.

Flow ကိုရွေးချယ်သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်. တေးဂီတဆိုင်ရာအတွေ့အကြုံကောင်းများဖြင့် ပျော်ရွှင်ကြည်နူးပါစေကြောင်း Flow မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်.

 

Flow International Co.,Ltd ၏ ၂၀၂၃ ခုနှစ် မူပိုင်ဖြစ်ပြီး လုပ်ပိုင်ခွင့်များအားလုံးကို Flow မှ ပိုင်ဆိုင်ပါသည်.

bottom of page