top of page

FAQs

Flow ဆိုတာ ဘာလဲ?
Flow ဆိုတာ အသုံးပြုရလွယ်ကူရိုးရှင်းပြီး စိတ်လှုပ်ရှားခံစားမှုတွေကို အပြည့်အဝပေးစွမ်းနိုင်မယ့် Music Streaming Application တစ်ခုပဲဖြစ်ပါတယ်. အဓိကအားဖြင့် မြန်မာတေးသီချင်းများကိုနားဆင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့သီချင်းချစ်သူတွေအတွက် သံစဉ်ဂီတတေးသွားတွေကို Flow ကယူဆောင်လာပေးမှာပဲဖြစ်ပါတယ်. တေးချစ်သူတွေအနေနဲ့ မတူကွဲပြားတဲ့စုစည်းမှုတွေဖြစ်တဲ့ မြန်မာတေးသီချင်းတွေ၊  သီဆိုသူအနုပညာရှင်တွေနဲ့ Playlist တွေကို Flow App ကနေတစ်ဆင့် လက်ချောင်းလေးတွေနဲ့ထိတွေ့အသုံးပြုပြီး စိတ်ကြိုက်ရှာဖွေနားဆင်နိုင်မှာပဲ ဖြစ်ပါတယ်.

Flow ကိုအသုံးပြုဖို့အတွက် ဘယ်လိုစာရင်းသွင်းရမလဲ?

အဆင့်အားလုံးဟာ ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပြီး Flow ကို အသုံးပြုတော့မယ်ဆိုရင် App Store ဒါမှမဟုတ် Google Play Store ကိုသွားပြီး Download ရယူရပါမယ်. ပြီးတာနဲ့ Flow App မှာပေါ်လာမယ့် "Sign Up" ခလုတ်လေးကို နှိပ်ပြီး စာရင်းသွင်းလိုက်တာနဲ့ Flow ကို အသုံးပြုလို့ရပြီဖြစ်ပါတယ်. စာရင်းသွင်းတဲ့ နည်းလမ်းတွေကို သင့်ရဲ့ ဖုန်းနံပါတ်၊ Google/Apple အီးမေးလ်လိပ်စာ၊ ဒါမှမဟုတ် Facebook အကောင့်ကို အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ စာရင်းသွင်းနိုင်မှာပါ.
 

ဘယ်လို တေးသီချင်းအမျိုးအစားတွေကို Flow မှာ ရှာလို့ရမလဲ?

မြန်မာ့ဂီတလောကရဲ့ ဖန်တီးထားသမျှသော တေးဂီတအမျိုးအစားအားလုံးကို ရရှိနိုင်တဲ့နေရာတစ်ခုဟာ Flow ပဲ ဖြစ်ပါတယ်. ရိုးရာဂန္တဝင်တေးသီချင်းများမှသည် ခေတ်ပေါ်တေးဂီတအထိ တေးသီချင်းအမျိုးအစားပေါင်း မြောက်များစွာကို Flow ရဲ့ Music Library ထဲမှာ ရှာဖွေခံစားနားဆင်နိုင်ပါတယ်. ဘယ်လိုတေးဂီတမျိုးပဲဖြစ်ဖြစ် Flow မှာရှိနေမှာဖြစ်တဲ့အတွက် ကိုယ့်စိတ်နဲ့ထပ်တူကျတဲ့ တေးသီချင်းအမျိုးအစားတွေနဲ့ နေ့စဉ်ဘဝကို အရသာရှိရှိ ဖြတ်သန်းနိုင်မှာပါ.

Flow ထဲမှာ တေးသီချင်းအသစ်တွေကို ရှာဖွေလို့ရနိုင်မလား?

ဟုတ်ကဲ့ ရှာဖွေလို့ရပါတယ်. Flow ဟာ တေးသီချင်းအသစ်ကော အဟောင်းပါမကျန် ခံစားနားဆင်လို့ရအောင် ဖန်တီးထားတဲ့ Music App တစ်ခုပဲဖြစ်ပါတယ်. နားဆင်သူတို့ရဲ့ အကြိုက်ပေါ်မူတည်ပြီး Flow ရဲ့ ပင်မစာမျက်နှာမှာ တေးသီချင်းတွေ၊ အနုပညာရှင်တွေ၊ Playlist တွေကို ပုံမှန် Update ပြုလုပ်ထားမှာဖြစ်တဲ့အတွက် တေးသီချင်းအသစ်တွေနဲ့ဖြတ်သန်းရမယ့် ကြည်နူးစရာအချိန်တွေကို ဘယ်သောအခါမှ လက်လွှတ်ရတော့မှာ မဟုတ်ပါဘူး.

Flow ကို ဘာသာစကားမျိုးစုံနဲ့ အသုံးပြုလို့ရပါသလား?

ဟုတ်ကဲ့ ရပါတယ်. Flow ဟာ မြန်မာ့တေးသီချင်းတွေကို စိတ်ဝင်စားတဲ့ မည်သူ့ကိုမဆို ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်. ဒါ့ကြောင့် Flow ကို အသုံးပြုတဲ့သူတိုင်းဟာ အရောင်အသွေးစုံပြီး ပေါများကြွယ်ဝတဲ့ မြန်မာ့တေးဂီတယဉ်ကျေးမှုတွေကို ဘာသာစကားမျိုးစုံအသုံးပြုပြီး အလွယ်တကူပဲ ခံစားနားဆင်နိုင်မှာပါ.

Flow ကို ပရီမီယမ်အဆင့်သို့ ဘယ်လိုမြှင့်တင်နိုင်မလဲ ?

Flow ကို ပရီမီယမ်အဆင့်သို့ မြှင့်တင်ခြင်းဟာ အလွန်ပဲလွယ်ကူပါတယ်. Flow Application ရဲ့ ပင်မစာမျက်နှာ သို့မဟုတ် Library Tab ကိုသွားပြီး ညာဘက်အပေါ်ထောင့်မှာရှိတဲ့ ဆက်တင်ပုံစံ အိုင်ကွန်ကိုနှိပ်ပြီး 'ပရီမီယမ်သို့ အဆင့်မြှင့်တင်ရန်' ကို နှိပ်ရမှာဖြစ်ပါတယ်. သင်ကြိုက်နှစ်သက်ရာ ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ပြီးတာနဲ့ ပရီမီယံအဆင့်နဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်.

Flow ကို ပရီမီယမ်အဆင့်သို့ မြှင့်တင်ခြင်းအားဖြင့် ဘယ်လိုလုပ်ဆောင်ချက်တွေကို ရရှိနိုင်မလဲ?

  • ကြော်ငြာများ မရှိတော့ဘဲ သီချင်းနားဆင်မှုကို အနှောင့်အယှက်မရှိ အဆုံးမဲ့နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်.

  • သီချင်းဘယ်နှစ်ပုဒ်နားဆင်နိုင်တယ်ဆိုတာ အကန့်အသတ်မရှိတော့ပါဘူး.

  • အော့ဖ်လိုင်းနားဆင်နိုင်မှုအတွက် ကျွန်ုပ်တို့ရဲ့ တေးသီချင်းစုစည်းမှုအားလုံးကို အကန့်အသတ်မရှိ ဒေါင်းလုပ်ရရယူနိုင်မှာပဲဖြစ်ပါတယ်.

  • အရည်အသွေးမြင့်အသံစနစ်နဲ့ CD Quality အသံစနစ်ကို ရယူနားဆင်နိုင်မှာဖြစ်ပါတယ်.

  • သင့်ကိုယ်ပိုင် တေးသီချင်း Playlist များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်.

  • တန်းစီဇယားထဲသို့ တေးသီချင်းများကို ထည့်သွင်းနားဆင်နိုင်မှာ ဖြစ်ပါတယ်.

  • ဘယ်နေရာမှာပဲဖြစ်ဖြစ်  ကာရာအိုကေနဲ့ တေးသီချင်းများကို သီဆိုနိုင်မှာပဲဖြစ်ပါတယ်. (Flow မှာ မကြာမီပါဝင်လာတော့မှာဖြစ်ပါတယ်)

ပရီမီယမ်အဆင့်ကို မြှင့်တင်ဖို့အတွက် ဘယ်လို ငွေပေးချေမှုနည်းလမ်းတွေကို အသုံးပြုလို့ရပါသလဲ?

လက်ရှိအနေနဲ့ကတော့ MPT billing, Apple Pay, KBZPay, Credit/Debit Cards နှင့် Online Payment တို့ကို အသုံးပြုပြီး ငွေပေးချေနိုင်ပါတယ်.

Flow ကနေတဆင့် ဖုန်းခေါ်ဆိုမှုအသံများကို ဘယ်လိုစာရင်းပေးသွင်း အသုံးပြုလို့ရနိုင်ပါသလဲ? 

ဖုန်းခေါ်ဆိုမှုအသံများအတွက် စာရင်းပေးသွင်းခြင်းဟာ ရိုးရှင်းပြီး သင်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို ပံ့ပိုးပေးဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်. လုပ်ဆောင်ရမယ့်အဆင့်တွေကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ် -
သင်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတစ်ပုဒ်ကိုနားဆင်နေရင်းနဲ့ Flow App ရဲ့ အောက်ဘက် ဘယ်ဘက်ခြမ်းမှာရှိတဲ့ ဖုန်းပုံစံသင်္ကေတလေးပါတဲ့ အိုင်ကွန်ကို နှိပ်ရမှာပါ. အဲ့ဒီမှာ ဖုန်းခေါ်ဆိုမှုအသံ ပြုလုပ်နိုင်မယ့်ပုံစံအမျိုးမျိုးကို နားဆင်နိုင်အောင်ဆောင်ရွက်ပေးထားမှာပါ. အဲ့ဒီထဲကမှ ကြိုက်နှစ်သက်ရာပုံစံကိုရွေးချယ်ပြီးတာနဲ့ သင့်ဖုန်းရဲ့ တယ်လီကွန်းအော်ပရေတာကို ရွေးချယ်ဖို့ လမ်းညွှန်ပေးထားမှာဖြစ်ပါတယ်. သင်ရွေးချယ်လိုက်တဲ့ ဖုန်းခေါ်ဆိုမှုပုံစံကို စာရင်းပေးသွင်းနိုင်ဖို့အတွက် Message App ကနေတဆင့် ဆောင်ရွက်ပေးထားမှာဖြစ်ပြီး ၇၉၇၉ ကို စာတိုပို့ပြီးတာနဲ့ ဖုန်းခေါ်ဆိုမှုအသံအဖြစ် အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်.

Flow မှာ တေးသီချင်းဗီဒီယိုများကို ဘယ်လိုကြည့်ရှုနိုင်ပါသလဲ?

Flow ရဲ့ တေးသီချင်းဗီဒီယိုတွေဟာ YouTube မှတဆင့် တိုက်ရိုက်ထည့်သွင်းထားတာဖြစ်တဲ့အတွက် သင်ကြိုက်နှစ်သက်တဲ့အနုပညာရှင်တွေကို ပံ့ပိုးပေးနိုင်မယ့် နောက်ထပ်နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်. Flow မှာ တေးဂီတဗီဒီယိုများကို ကြည့်ရှုနားဆင်ခြင်းဟာ အလွန်ပဲလွယ်ကူရိုးရှင်းပါတယ်. တေးသီချင်းတစ်ပုဒ်ကိုနားဆင်နေရင်းနဲ့ အသဲနှလုံးပုံစံဘေးက အစက် ၃ စက်ပါ သင်္ကေတကို နှိပ်ရမှာဖြစ်ပါတယ်. သင်နားဆင်နေတဲ့တေးသီချင်းမှာ တေးသီချင်းဗီဒီယိုပါဝင်နေမယ်ဆိုရင် 'Music Video' ဆိုတဲ့ စာသားကိုမြင်ရမှာဖြစ်ပြီး ကလစ်လုပ်ကာ ကြည့်ရှုနားဆင်နိုင်မှာပဲဖြစ်ပါတယ်.

Flow ကို အော့ဖ်လိုင်းအနေနဲ့ နားဆင်နိုင်ပါသလား?

သင့်အနေနဲ့ ပရီမီယမ်အဆင့် အသုံးပြုသူဖြစ်မယ်ဆိုရင် အော့ဖ်လိုင်းအနေနဲ့ နားဆင်နိုင်မှာပဲဖြစ်ပါတယ်. သင့်အနေနဲ့ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိတဲ့အချိန်မှာတောင် ဒေါင်းလုပ်လုပ်ထားတဲ့ သင့်စိတ်ကြိုက်တေးသီချင်းတွေနဲ့ Playlist တွေကို အော့ဖ်လိုင်းအနေနဲ့နားဆင်ခံစားနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်. ခရီးရှည်တွေထွက်တဲ့အချိန် ဒါမှမဟုတ် ဒေတာအသုံးပြုမှုတွေကို ချွေတာချင်တဲ့အချိန်တွေမှာ အသုံးပြုဖို့အသင့်တော်ဆုံးပဲဖြစ်ပါတယ်.

အနုပညာရှင်တစ်ဦးကို နှစ်သက်အားပေးမှုလုပ်ထားတဲ့အခါ ဘာတွေရရှိနိုင်မလဲ?

အနုပညာရှင်တစ်ဦးကို နှစ်သက်အားပေးမှုလုပ်ထားတယ်ဆိုရင် သူတို့ရဲ့ တေးသီချင်းအသစ်ထုတ်လုပ်မှုတွေ၊ ကြေငြာချက်တွေ အစရှိတဲ့အကြောင်းအရာများစွာကို ဦးစားပေးအသိပေးမှုများအနေနဲ့ လက်ခံရရှိနိုင်မှာပဲဖြစ်ပါတယ်.

ကျွန်ုပ်အနေနဲ့ အနုပညာရှင်တစ်ဦးဖြစ်မယ်ဆိုရင် Flow ကနေ ကျွန်ုပ်ရဲ့ တေးသီချင်းတွေကို ဘယ်လိုရရှိနိုင်မလဲ?

Flow အနေဖြင့် မည်သည့်အနုပညာရှင်များနှင့်မဆို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိပါ. သို့သော် အနုပညာဖန်တီးမှုလက်ရာများအတွက် တေးသီချင်းများစုစည်းမှုနှင့် ညွှန်းဆိုမှုများအား ကျွန်ုပ်တို့၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Legacy Music နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်. Legacy Music အား အောက်ပါ Facebook စာမျက်နှာမှတဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -  https://www.facebook.com/LegacyMusicMM

MPT ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ပြီးတဲ့နောက်မှာ မှားယွင်းမှုသတိပေးချက်စာသားကို လက်ခံရရှိခဲ့ပါတယ်. ဒါကိုဖြေရှင်းဖို့ ဘယ်လိုလုပ်နိုင်ပါသလဲ?

ကျေးဇူးပြု၍ MPT ရဲ့ ဖုန်းခေါ်ဆိုမှုစင်တာ ၁၀၈ ကိုဆက်သွယ်ရမှာဖြစ်ပြီး MPT အနေနဲ့ ငွေပေးချေမှုဆိုင်ရာမှားယွင်းမှုများကိုဖြေရှင်းဖို့ သင့်ကိုကူညီပေးနိုင်မှာပဲဖြစ်ပါတယ်.

Flow နဲ့ပတ်သက်ပြီး တွေ့ကြုံရတဲ့ အခက်အခဲတွေ တုံ့ပြန်ချက်တွေကို လက်ခံဖြေရှင်းပေးပါသလား?

ဒီတုံ့ပြန်ချက်တွေဟာ Flow အတွက်တော့ အရေးပါတဲ့အရာတစ်ခုပါပဲ. အသုံးပြုသူတွေရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေဟာ Flow ကို အသုံးပြုရာမှာ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်မယ့် အတွေ့အကြုံတွေဖြစ်တဲ့အတွက် အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်တွေကိုနားထောင်ရတာကို Flow က  နှစ်သက်လိုလားပါတယ်. Flow နဲ့ပတ်သက်ပြီး ပြောပြချင်တဲ့ အကြံဉာဏ်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် support@flow.com.mm ကို ဆက်သွယ်နိုင်ပါတယ်.

ဒါ့ကြောင့် Flow ရဲ့ အသိုင်းအဝန်းထဲကိုအခုပဲဝင်ရောက်ပြီး  နှစ်သက်စွဲမက်စရာ မြန်မာ့တေးဂီတအနုပညာကမ္ဘာကြီးမှာ သာယာငြိမ့်ငြောင်းတဲ့သံစဉ်တေးသွားတွေနဲ့အတူ ဖြတ်သန်းကြပါစို့!

bottom of page